တံတားဦး စက်တင်ဘာ ၂
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈) နာရီက တံတားဦးမြို့မဈေးအတွင်းနှင့် ကုန်ဈေးတန်းတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းဝေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ တံတားဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် ဝန်ထမ်းများက မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုဖြစ်စေရန်အတွက် နှာခေါင်းစည်းတပ်ဆင်ပြီး သွားလာကြရန်လိုအပ်ကြောင်း ဒါ့အပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန် လိုကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးမှ ပြောကြားခဲ့ကြောင်းသိရသည်။
ဈေးရောင်းဈေးဝယ်ပြည်သူများအနေဖြင့် သတ်မှတ်အကွာအဝေးနေရာများတွင် ရောင်းချဝယ်ယူနိုင်ရေး အသားငါးများ၊ စားသောက်ကုန်ပစ္စည်းများရောင်းချသူများ၊ ဝယ်ယူသူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်အသုံး ပြုပြီးမှ ဈေးအတွင်းသို့ဝင်ရောက်ရန်၊ စွန့်ပစ်အမှိုက်များကိုလည်း သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီက ချမှတ်ထားသည့် စည်းကမ်းများကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့ကို ကြိုတင်နှိုးဆော်ထားပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)