သတင်းများ

ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ နေရပ်ပြန်များထားရှိရာနေရာသို့ သွားရောက်စစ်ဆေး
Sep 02,2020
နေရပ်ပြန်များကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)တွင် အသွားအလာကန့်သတ်သည့်နေရာ အဖြစ်ထားရှိရာမှ ပိုမိုကျယ်ပြန့်စွာနေထိုင်နိုင်ရန် ဂန့်ဂေါမြို့နယ် မွှေ့လယ်ကျေးရွာ သာသနာ့ ရိပ်သာတွင် စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ တိုးချဲ့ထားရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် မြို့သာအရှေ့ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော ကတ္တရာထပ်ပိုးလွှာလမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပလက်ဖောင်းခင်းရန် မြေနေရာကွင်းဆင်းလျာထားဆောင်ရွက်
Sep 02,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု၊ မြို့သာအရှေ့ကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကတ္တရာထက်ပိုးလွှာလမ်းခင်းခြင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့သာဈေးမြောက်ဘက်၌ ပလက်ဖောင်းခင်းရန်မြေနေရာ ကွင်းဆင်းကြည့်ရှုလျာထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၌ (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Sep 02,2020
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ (၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ကျေးရွာများ အလိုက် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းများ ကောက်ယူခြင်း ဆောင်ရွက်
Sep 02,2020
 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နေပြည်တော်မှ တစ်ဦးလျှင်‌ ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။             
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ
Sep 02,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲက ယင်းမာပင်မြို့ ကျောက်တိုင်ကွင်းရှေ့၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ Mask များအခမဲ့ဖြန့်ဝေ
Sep 02,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာယာဈေး၌ ယမန်နေ့ နံနက် ၇ နာရီခွဲက ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆုပြည့် နေကြာ၊ သောက်ရေသန့်နှင့် စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်း မိသားစုမှ Mask များ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို အိမ်တိုင်ရာရောက်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Sep 02,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန်၊ မဲစာရင်းများပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် မဲဆန္ဒရှင် စာရင်းများကို အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ (IDPs) စခန်းရှိ အသက်(၆၀)နှစ်မှ (၈၀)နှစ်ထိ ဘိုးဘွားစုစုပေါင်း (၁၄၂)ဦးကို သိန်းပေါင်း(၄၀)ကျော် ထောက်ပံ့ငွေပေးအပ်
Sep 02,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (IDPs) တိုက်ပွဲရှောင်စခန်းရှိ အသက် (၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန် က နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပေးအပ်သည်။