သံတောင် စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် Quarantine Centre အတွက် အသုံး အဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို Local Resource Centre (LRC) ၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများ အဖွဲ့ဒါရိုက်တာ ဒေါ်နော်မာမာချိုနှင့်အဖွဲ့များကပေးအပ်ရာ သံတောင်မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က လက်ခံရယူခဲ့သည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ ငွေကျပ် ၅ သိန်း တန်ဖိုးရှိ တစ်ကိုယ်ရေအသုံးအဆောင်များနှင့် အသင့်စားသုံးနိုင်သော အစားအသောက်များဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)