မြစ်သားမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်

မြစ်သား စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ မြို့နယ်တာဝန်ရှိသူများကပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဖြိုးစည်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရှိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စားပွဲတစ်လုံးနှင့်တစ်လုံး()ပေကွာရှိ/မရှိ၊ မျက်နှာချင်းဆိုင်ထိုင်ရာတွင် မှန်(သို့မဟုတ်) မြင်နိုင်သော အကာအကွယ်ပစ္စည်းများဖြင့် ကာထားပေးခြင်း ရှိ/မရှိ၊ ဆိုင်ရှင်နှင့် အလုပ်သမားများအား  Face Shield နှင့်  Mask များ တပ်ဆင်ထားခြင်း ရှိ/မရှိ၊ လာရောက်စားသုံးသူများကို နှာခေါင်းစည်း (Mask) များ တပ်ဆင်စေခြင်း ရှိ/မရှိ၊ လက်ဆေးရေစင်ထားရှိမှုရှိ/မရှိ နှင့် စားသောက်ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ  စစ်ဆေးခဲ့ကြသည်။

မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်မျာအား  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်စည်း ကမ်းချက်များနှင့်စပ်လျဉ်း၍ ပထမအကြိမ်လိုက်နာမှုမရှိပါက သတိပေးခြင်း၊ ဒုတိယအကြိမ်လိုက်နာမှုမရှိပါက ဆိုင်(၁၀)ရက်ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် တွင် မလိုက်နာပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ စားသောက် ကုန်လုပ်ငန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျလည်ပတ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)