ဖျာပုံ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ် သည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ သိရှိလိုက်နာကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ မြို့နယ်များသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ အပြင်ထွက်ပါက mask များ မဖြစ်မနေတပ်ဆင်ရန်နှင့် မြို့ဝင်စစ်ဆေးရေး ဂိတ်များတွင် စနစ်တကျ စစ်ဆေးရန် လိုကြောင်းအဖွဲ့ဝင်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဆေးရုံအုပ်ကြီး ကိုယ်စား ဒေါက်တာသိန်းထွန်းဝင်းက လက်ရှိ Facility Quarantine တွင်(၅)ဦး၊ Home Quarantine တွင်(၁၆)ဦး ထားရှိပြီး၊ ဒေါ်ညိမ်းကျေးရွာ Facility Quarantineရှိ(၇)ဦးအား Swept ယူထားကြောင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်သည့် ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ဆောင်ရွက်ထားမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)