ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုဝင်များအား တစ်ကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

​ကျောက်ဆည် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာတွင် မီးဘေးသင့်ခဲ့သည့်အိမ်ထောင်စု (၄) စုမှအမျိုး သား (၁၁) ဦးနှင့် အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၁၈) ဦးအတွက် တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ယနေ့ညနေ (၃)နာရီက ထောက်ပံ့ပေးပို့ခဲ့ကြောင်း သိရှိရသည်။

တစ်ကိုယ်ရည်ကျန်းမာသုံးပစ္စည်းများ ထောက်ပံ့ရာတွင် လူတစ်ဦးစာအတွက် ရေသန့်ပုံး (၁) ပုံး၊ ရေဆွဲပုံး (၁) ပုံး၊ လက်သည်းညှပ် (၁) ချောင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်း (၂) ထုပ်၊ သွားတိုက်တံ (၅) ချောင်း၊ သွားတိုက်ဆေး (၅) ဗူး၊ မျက်နှာသုတ်ပဝါ (၅) ထည်၊ ကိုယ်တိုက်ဆပ်ပြာ (၅) ခဲ၊ ဆပ်ပြာခွက် (၅) ခွက်၊ အဝတ်လျှော်ဆပ်ပြာ (၅) တောင့်၊ အိမ်သာသုံးစက္ကူ (၃) လိပ်၊ လက်သုပ်ပဝါတစ်ထည်၊ ဆပ်ပြာမှုန့် (၁) ထုပ်၊ ထုပ်ခေါင်းလျှော်ရည် (၁) ဗူး၊ သောက်ရေ ခွက် (၂) ခွက်၊ ခေါင်းဘီး (၁) ချောင်း၊ မှန် (၁) ချက်၊ ရေသန့်ဆေးပြား (၃) ထုပ်၊ မုတ်ဆိတ်ရိတ်ဓား (၅) ချောင်း စုစုပေါင်း ပစ္စည်းတန်ဖိုး ငွေကျပ် (၂၈၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၅၀၄၀၀၀)ဖြစ်ပြီး တစ်ကိုယ်ရည်သုံးပစ္စည်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက  မီးဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ခရိုင်ပြန်/ဆက်)