သတင်းများ

လှိုင်သာယာမြို့နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ပြီး Mask များအား အခမဲ့ဖြန့်ဝေ
Sep 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ စည်ပင် EO ဦးသိန်းလွင်၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂)ဦးဇော်အောင်၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲဝင်များ၊ ဒေါ်ခင်မာဝင်း ဦးဆောင်သော လူမှုပရဟိတအဖွဲ့များ၊ ဆရာတော် ဦးကေသရဦးဆောင်သော ပရဟိအဖွဲ့များ၊ ဦးဇေကိုကို ခေါင်းဆောင်သော ပရဟိအဖွဲ့များ ပူးပေါင်း၍ လှိုင်သာယာမြို့နယ်အတွင်းရှိ လူစည်ကားရာ မီးခွက်ဈေးနှင့် ကားမှတ် တိုင်များတွင် ဆောင်ရွက်သည်။
နွားထိုးကြီးမြို့တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Sep 03,2020
နွားထိုးကြီးမြို့နယ်၊ ဆောက်လုပ်ရေးရုံးအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ်ပြည့်ဖြိုးထွန်းက သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မြင်းခြံ-ရေဝန်းသွားကာလမ်း မိုင်တိုင်(၂၀/၂နှင့်၂၀/၃၃)ကြား ဆောက်လုပ်ရေးရုံးအနီး၌ ယမန်နေ့ည ၈နာရီ အချိန်ခန့် တွင်
တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်ပတ်သက်၍ စားသောက်ဆိုင်နှင့်လ္ဘက်ရည်ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောစည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိကို မြို့နယ်တာဝန်ရှိသူများကပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ​ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 03,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ တောင်သူများထံသို့ တိရစ္ဆာန်အစာနုအိတ်များထောက်ပံ့ပေးအပ်
Sep 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ တိရစ္ဆာန်မွေးမြူသူ တောင်သူ များထံသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန် အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီသို့ နှာခေါင်းစည်း ( ၁၀၀၀ ) လာရောက်လှူဒါန်း
Sep 03,2020
ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကာကွယ် နိုင်ရန်နှင့် ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်
ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများထုတ်ပြန်ကြေညာ
Sep 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။
ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော(၂)နှစ်အောက် ကလေးငယ်များ အား ထောက်ပံ့ငွေများ ပေးအပ်
Sep 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတုမာလာဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။