လောင်းလုံးမြို့တွင် သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

လောင်းလုံး စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးစန္ဒာစိုးမှ သီးနှံများမပျက်စီးစေရန်ကြိုတင်ကာကွယ်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြား၍ တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ပါက သီးနှံများအထွက်တိုးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်က သီးနှံဆိုင်ရာ အသိပညာပေးခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်း ဆွေးနွေးပေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူတောင်သူများက သိရှိလိုသည်များကိုမေးမြန်းပြီးတာဝန်ရှိသူများက ပြန်လည်ဖြေကြာပေးခဲ့သည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှသီးနှံကာ ကွယ်ရေး တာဝန်ခံ ဒေါ်အေးစန္ဒာစိုးနှင့်ဝန်ထမ်း များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူးဦးတိုးလွင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သိန်းသိန်း(ပြန်/ဆက်)