သတင်းများ

နမ့်စန်မြို့ သုခိတာရုံ ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Sep 02,2020
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်သည် ယနေ့ နံနက် ၁၀ နာရီက နမ့်စန်မြို့ အမှတ်(၄)ရပ်ကွက် သုခိတာရုံကျောင်းတိုက်ရှိ ရဟန်းသံဃာနှင့် သာမဏေ များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သုခိတာရုံကျောင်းတိုက်ဆရာတော်ထံ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျိုက်မ​ရောမြို့၌ စား​သောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်​ အညီ​ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်​ဆေး
Sep 02,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါကာလအတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုမပြန့်နှံ့​စေရန်အတွက် ​ကျေးရွာများတွင် ​ရောင်းချလျက်ရှိ​နေ ​သောစား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီလိုက်နာ၍​ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့​ နေ့လယ်ပိုင်းက ​တောင်က​လေး​ကျေးရွာနှင့် ​ချောင်းနှစ်ခွ​ကျေးရွာများရှိ စား​သောက်ဆိုင်(၉)ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၈)ဆိုင်တို့အား ကိုဗစ်-၁၉ ကာကွယ်​ထိန်းချုပ်​ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်​ဆေးခဲ့ကြသည်။
သနပ်ပင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနေခြင်း ရှိ/မရှိ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်
Sep 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ကော်မတီနှင့် ပူးပေါင်း အဖွဲ့တို့ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ထားသော ဆိုင်များကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့တွင် မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 02,2020
မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက လမိုင်းမြို့ မြို့မ(၁) ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ် ဇယန်းကြီးကျောင်းတိုက်တွင် တရားနာရောက်ရှိနေကြသော သက်ကြီးဘိုးဘွားများအား mask များဝေငှပေး
Sep 02,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးဘုန်းတော်ကြီး ကျောင်းတိုက်တွင် ယနေ့နံနက်က ဝါခေါင်လပြည့်နေ့ တရားနာ လာရောက်ခဲ့ကြသော သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ကုသရေး ကော်မတီနှင့် တက်ကြွလူငယ်များတို့က mask များ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းဖွင့်လှစ်
Sep 02,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီ က ဟိုဖကျေးရွာ ခန်းမဆောင်၌ သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့်မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး
Sep 02,2020
ကျိုက်ထိုမြို့နယ်၌ ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှလူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်
Sep 02,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်း မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။