ဇလွန်မြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

ဇလွန်  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင် က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ရသည့် အကြောင်းနှင့် ထောက်ပံ့ငွေများအား ပြန်လည်ထောက်ပံ့ပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ပြန်လည် ထောက်ပံ့ပေးရန် အမှာစကား ပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာ ၅၄ အုပ်စုရှိမသန်စွမ်းသူ  ၆၉၂ ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ၂၀၇၆၀၀၀၀ ကျပ်ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး အဆိုပါ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တဆင့်ပြန်လည် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)