ကျိုက်လတ်၌ ယာဉ်ထိခိုက်မှုအန္တရာယ်ကင်းရှင်းစေရေး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့တပ်ဆင်ပေး

ကျိုက်လတ်   စက်တင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက်(၈)နာရီ မှ စ၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်ထိခိုက်မှု အန္တရာယ်ကင်းရှင်း စေရေး ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့တပ်ဆင်ပေးခဲ့ကြသည်။

ကျိုက်လတ်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင် ၊ မြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့သည် (၂) လမ်း နှင့် အ.ထ.က(၁) အနီးလမ်းဆုံတွင်လည်းကောင်း ၊ ၁၉ လမ်းထိပ် လမ်းဆုံတွင်လည်းကောင်း၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ လိုက်နာကျင့်သုံးရေး၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပြဋ္ဌာန်းချက်များ လိုက်နာရေး ပညာပေး ပြောကြား၍ ကိုယ်တိုင် ဆိုင်ကယ်စီး ဦးထုပ်များကို  အခမဲ့ တပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)