ပန်းတနော်မြို့၌ စျေးအတွင်း နှာခေါင်းစည်း(Mask)တပ်ဆင်ရောင်းချခြင်းမရှိသည့် စျေးသည် သုံးဦးအား ဒဏ်တပ်အရေးယူ

ပန်းတနော်   စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးနှင့် ပျံကျစျေးအတွင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက် ၉ နာရီက လိုက်လံစစ်ဆေးခဲ့သည်။

ပန်းတနော်မြို့မဈေးနှင့် ပျံကျဈေးတို့တွင် ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်၍ စျေးရောင်းချဝယ်ယူစေရေးအတွက် ပန်းတနော်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ဝင်ရောက် စစ်ဆေးခဲ့ရာ နှာခေါင်းစည်း(Mask) တပ်ဆင်ရောင်းချခြင်းမရှိသည့် ဈေးသည် သုံးဦးအားစီမံ ဒဏ်ငွေတပ်ရိုက်အရေးယူဆောင်ရွက်ခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ် ရေးတို့အတွက် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)