ပြည်ကြီးမဏ္ဍိုင်၊ စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မြို့သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်ရည်ရွယ်၍ မြို့အဝင်/အထွက် ဆိုင်းဘုတ်နှင့်လေညာရပ်ကွက်ရှိ အဝိုင်းပတ်တို့အား ရှင်းလင်းခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံ ဦးမျိုးအောင် ဦးဆောင်၍ယနေ့နံနက် (၈) အချိန်က စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အဝင်/အထွက်ဆိုင်းဘုတ်နှင့် လေညာရပ်ကွက်အဝိုင်းပတ်၌ ပန်းအလှပင်များစိုက်ခြင်း၊ ဖြတ်ညှပ်ပုံသွင်းခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ မြက်ပင်၊ ပေါင်းပင်များ ရှင်းလင်းရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)