နောင်ချိုမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

 

နောင်ချို    စက်တင်ဘာလ ၄

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ  မြို့နယ်အတွင်း နေထိုင်သည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ဈေးရပ်ကွက်အတွင်းရှိ   မသန်စွမ်းသူများအား  တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော် နှင့် ဌာန ဆိုင်ရာများ၊ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်မိုးအောင်နှင့် တာဝန်ရှိသူများက ဈေးရပ်ကွက် အတွင်းရှိ မသန် စွမ်းသူများ နေထိုင်ရာသို့ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထောက်ပံ့ငွေ ပေးအပ်ရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မသန်စွမ်းသူများ၊ အကြား အာရုံ မသန်စွမ်း သူများ၊ အမြင်အာရုံမသန်စွမ်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နောင်ချိုမြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်းရှိ မသန်စွမ်းသူစုစုပေါင်း(၆၆၁)ဦး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ် သွားမည်ကြောင်း သိရသည်။

 ထွေးငယ် ( ပြန်/ဆက်)