စစ်ကိုင်းခရိုင်အတွင်း ကိုဝန်ဆောင်မိခင်လောင်းများအား ထောက်ပံ့ကြေးများပေးနိုင်ရန် စာရင်း များ စိစစ်ကောက်ယူနေ

စစ်ကိုင်း စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ကြေးများ ထုတ်ပေးမှာဖြစ်သည့်အတွက် မြို့နယ်အတွင်းမှ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၏ အမည်စာရင်းများလာရောက်ပေးသွင်း နေသည်ကို စိစစ်ကောက်ယူ နေကြကြောင်း ယနေ့ နံနက်(၉)နာရီက ခရိုင်လူမှုဝန် ထမ်းဦး စီးဌာနမှ သိရသည်။

“ကျွန်မတို့ ကိုဗစ်-၁၉ ရောဂါကာလအတွင်းမှာ နိုင်ငံတစ်ဝန်းရှိ ကိုဝန်ဆောင်မိခင်များအား နိုင်ငံတော်မှ ငွေဗိုက်အက်ပလီကေးရှင်း ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလျှင် ကျပ်(၃၀၀၀၀) နှုန်းဖြင့် ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဩဂုတ်(၁၁)ရက်မှစ၍ စက်တင်ဘာ (၁၅) ရက်အထိ စာရင်းများကို ကောက်ခံစိစစ်ပေးလျက်ရှိရာ ခရိုင်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များအားလုံး အကျုံးဝင်စေရန်အတွက် နယ်မြေကွင်းဆင်းကာ စာရင်းများ ကောက်ယူ စိစစ်ဆောင်ရွက်ပေးနေကြောင်း၊ စက်တင်ဘာ (၂၀) ရက်နောက်ပိုင်းမှာ ကိုယ်ဝန် ဆောင်များ ကိုယ်တိုင်ပေးထားသည့်  ဖုန်းအမှတ်များသို့ ငွေလွှဲပေးပို့ခြင်းဖြင့် လည်းကောင်း၊ ကိုယ်ပိုင်ဘဏ်အကောင့် ဖွင့်ထားသူများသို့ ငွေထည့်ပေးခြင်းဖြင့် လည်းကောင်း၊ ပေးထားသည့် လိပ်စာရှင်သို့ ဘဏ်မှတဆင့်ထုတ်ယူ နိုင်သည့် ငွေလွဲပေးပို့နည်းများဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ကာ စစ်ကိုင်းခရိုင် အနေနဲ့  စစ်ကိုင်းမြို့မှ ကိုယ်ဝန်ဆောင်မိခင်ပေါင်း (၁၃၀၀)ကျော်၊ မြင်းမူမြို့နယ်မှ(၅၀)ကျော်၊ မြောင်မြို့နယ်မှ(၅၀၀)ကျော် စာရင်းပေးသွင်းပြီး ဖြစ်ကာ သတ်မှတ်ရက်အထိ စာရင်းများကိုလည်း ဆက်လက်ကောက်ခံ၍ စိစစ်ပြုစုပေးသွားမှာ ဖြစ်ကြောင်း”ကို စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက ပြောပြသည်ကိုသိရသည်။

မျိုးဝင်း(ပြန်/ဆက်)