ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 04,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများကို နှာခေါင်းစည်းတပ်ဆင်ရေး၊ မြို့နယ်အတွင်း ရှိ လူစည်ကားရာနေရာများ၊ ဈေးများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့လိုက်လံဝေငှတပ်ဆင်ပေးခြင်း၊ ဈေးများအတွင်း ဈေးသည်၊ ဈေးဝယ်များ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ ရောင်းဝယ်စေရေး၊ ဈေးသည်များကလည်း Mask၊ Face Shield၊ လက်အိတ်များဖြင့်သာ ဈေးရောင်း၊ ဈေးဝယ်နိုင်ကြရန်အတွက် အခမဲ့လိုက်လံဖြန့်ဝေပေး ခြင်း၊ YBS ကား မှတ်တိုင်များတွင် လက်ဆေးကြောနိုင်ရန် လက်ဆေးဘေစင်များ ပြုလုပ်ပေးခြင်း၊ YBS ကားများပေါ်တွင် ခရီးသည်များ လက်ဆေးနိုင်ရန်အတွက လက်သန့်ဆေးရည်ဘူးများ ထားရှိပေးခြင်း၊ မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဒေသန္တရအမိန့် ထုတ်ပြန်ချက် များ ကြေငြာပေးခြင်း အစရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်အတွင်းရှိ (ရွှေနံသာ) ရပ်ကွက်၊ ဗဟန်းစျေးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်ရှိ မိဘပြည်သူများထံ Mask များ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask တပ်ဆင်အသုံးပြုနည်းများကိုလည်း ထပ်မံ အသိပေး လက်တွေ့ပြသ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ခဲ့ကြသည်။