စဉ့်ကိုင်၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားထိပ်တွင် နှာခေါင်းစည်း တပ်ဆင်သွားလာမှုမရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တာ်ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းနှင့် ကော်မတီ၀င်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးနှင့် ၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးရွှေခိုင်နှင့်အဖွဲ၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ဗိုလ်တေဇလမ်းတစ်လျှောက် ရန်နိုင်တံတားထိပ်မှစတင်၍ မော်တော်ဆိုင်ကယ်စီးနှင်းလာသူများ၊ ကားပေါ်တွင်ပါရှိသည့် ခရီးသည်များကို နှာခေါင်းစည်းတပ်ဆင်လာခြင်း မရှိသူများအား Mask (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ၊ ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကျန်းမာရေးနှင့်အား ကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်အညီ လိုက်နာဆောင်ရွက် ကြရေး ရပ်ကွက်/ကျေးရွာမျ ားတွင် အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေရန် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)