ဖောင်းပြင် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့မစည်ပင် သာယာဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် စနစ်တကျလက်ဆေးပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်ကြရန် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင် ရွက်သည်။
ထို့အပြင် ဈေးအတွင်းသို့ လှည့်လည်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် အသိပေးနှိုးဆော်ခြင်းနှင့် ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိ ကြောင်း စျေးခေါင်း- ၄ ဦးဇော်ဝင်းလှိုင်ထံမှ သိရသည်။
အလားတူ ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွါ သွားလာသူများအ နေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာကြစေရေး စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိပြီး စည်းကမ်းမလိုက်နာသူများကို အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း Coronavirus Disease 2019 (COVID- 19) ရောဂါ ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုန့်ပြန်ရေး မြို့နယ်အဆင့်ကော်မတီမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)