ကျီခါး စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ကျီခါးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် (Green House) ပိုးမွှားလုံအဆောက်အဦ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ကျီခါးမြို့၊ ဆောက်လုပ်သည့် ပိုးမွှားလုံအဆောက်အဦ အတိုင်းအတာမှာ အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် သန်း(၁၀)ဖြင့် 93ကုမ္ပဏီမှ တာ၀န်ယူ ဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါပိုးမွှားလုံ အဆောက်အဦ ဆောက်လုပ်ခြင်းကြောင့် နှစ်ရှည်ပင်နှင့် ရာသီသီးနှံ ပျိုးပင်များ အပူအအေး မျှတစွာရရှိခြင်း၊ ပျိုးပင်များ၌ ရောဂါပိုးမွှားများ ကျရောက်မှု လျှော့နည်းခြင်းတို့ကြောင့် ပျိုးပင်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းနှင့် အဆောက်အဦ ဆောက်လုပ်မှု လုပ်ငန်းအားလုံး ပြီးစီးသွားပါက ကျီခါးမြို့နှင့် အနီးအနား ကျေးရွာများရှိ တောင်သူများအား ရာသီမရွေး မျိုးကောင်း/မျိုးသန့် ပျိုးပင်များ ဖြန့်ဖြူး ပေးနိုင်တော့မည် ဖြစ်ကြောင်း ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)