ချောင်းဆုံ စက်တင်ဘာ ၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကုစားမှုအနေဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးမှုကော်မတီတို့ပူးပေါင်းပြီး (Cash for Work) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ကာကျေးရွာ (၁၃)ရွာ တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာအတွင်း ရေမြောင်းတူးဖော်ခြင်း၊ ကျေးရွာ အတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ချောင်းကော၊မြောင်းကောပြန်လည်တူးဖော်ခြင်း၊ လမ်း ဘေး ဝဲယာအုတ်စီ ရေမြောင်း ပြုလုပ်ခြင်း၊ မြေသားလမ်းပြုပြင်ဖောက်လုပ်ခြင်း၊ အမှိုက် စွန့်ပစ်ရန် အမှိုက်ကန်တူးဖော်ခြင်း၊ ရေရရှိ ရေးရေပိုက် သွယ်တန်းခြင်း စသည့် လုပ်ငန်းများကို (ဒရယ်၊ ကရင်ဝင်းစိန်၊ မရမ်း၊ ကမာမို၊ ဘိုးနက်၊ကွင်းကလိန်၊ ခရိုက်ဒူး၊ ကွမ်လှာ၊ တကူပတီ၊ တော်ပွန်၊ ဖံဖ၊ ကွမ်ရိုက်၊ အပြိုင်)စသည့် ကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဏာနှစ်ရန်ပုံငွေမှ ကျေးရွာတစ်ရွာလျှင် လုပ်ငန်းတန်ဖိုး ငွေကျပ်သိန်း(၁၀၀)နှုန်းဖြင့် လုပ်ငန်းများဆောင်ရွက် ခဲ့ရာ ကျေးရွာ(၁၃)ရွာ၌ယနေ့အထိ (၁၀၀)ရာခိုင်နှုန်း လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝပိုမို တိုးတက် ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်စန်းစန်းမော် ထံမှ သိရသည်။
ထူးအိမ်(ပြန်/ဆက်)