ကော့မှူး စက်တင်ဘာ ၅
Covid-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူများ ပြင်ပသို့ သွား/လာရာတွင် နှာခေါင်းစည်း(Mask)အသုံးပြုရေး စစ်ဆေး ကျန်းမာရေး အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မြို့မဈေး ရှေ့တွင် ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် အများပြည်သူများ နှာခေါင်းစည်း (Mask) အသုံးပြုရေး လက်ကို မကြာခဏဆေးကြောကြရန်နှင့် လူစုလူဝေးများပြားသည့် နေရာ များကို သွားလာခြင်း မှ အတတ်နိုင်ဆုံးရှောင်ကျဉ်ကြရန်၊ တတ်နိုင်သမျှ မိမိတို့နေအိမ် များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို တပ်ဆင်ကြရန်၊ မိမိ ကိုယ်တိုင် ဖြစ်စေ အခြားတစ်ဉီးတွင်ဖြစ်စေ ရောဂါသံသယလက္ခဏာများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန(သို့) အုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ်အကြောင်းကြားပေးကြရန် ကျန်းမာ ရေး အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာများ၊ ရပ်ကွက် တာဝန်ရှိသူများ ပါဝင်ပူးပေါင်းကာ ကော့မှူးမြို့ အဝင် အထွက်နေရာများ လူစည်ကားရာ နေရာများ အဓိက လမ်းမကြီးများတွင် နေ့စဉ် အဖွဲ့များခွဲကာ နှာခေါင်း စည်း (Mask) တပ်ဆင် မလာသူများ အား တပ်ဆင် အသုံးပြုရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း