မရမ်းကုန်း စက်တင်ဘာ ၅
ပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်နိုင်ရန်နှင့် ရောဂါပျံ့ပွားမှုမရှိစေရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်အတွင်း အသုံးပြုနိုင်ရန် နှာခေါင်းစည်း အခုရေတစ်သောင်း လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါနှာခေါင်းစည်းများအား Universe General Construction ကုမ္ပနီ ဦးမင်းသူရအောင်နှင့် ဇနီးဒေါ်ရည်မွန်အောင် မိသားစုတို့ကလာ ရောက်လှူဒါန်းခဲ့ရာမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်မှ လက်ခံရ ယူခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)