မရမ်းကုန်း စက်တင်ဘာ ၅
ရန်ကုန်အနောက်ပိုင်း၊ မရမ်းကုန်းမြိုနယ်တွင် ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ lock down ချထားသည့်နေရာရှိ အိမ်ထောင်စုများထံသို့ စားသောက်ကုန်များ လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ We Love Yangon အဖွဲများနှင့် တာဝန်ရှိသူများက အမှတ်(၂) ရပ်ကွက်အတွင်းရှိဒေါ်လှပန်းလမ်းမှ အိမ်ထောင်စု (၂၀) စု၊ ဦးရေခဲလမ်းမှ အိမ်ထောင်စု(၂)စု၊ မာလာ(၃) လမ်းမှအိမ်ထောင်စု(၈)စုနှင့် အမှတ်(၈)ရပ်ကွက်အတွင်းရှိ သမာဓိ(၆) လမ်းမှ အိမ်ထောင်စု(၉)စု စုစုပေါင်း အိမ်ထောင်စု (၃၉)စုအားလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)