မရမ်းကုန်း စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးများ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်းစည်း(Mask) တပ်ဆင်၍ သွားလာစေရန် လျှော်ဖွပ်ပြီး ပြန်လည် အသုံးပြု၍ ရသော(Mask) နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘုရင့်နောင်စျေးဝင်း၊ မြရတနာစျေးနှင့် မြဂန္ဓမာစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါနှာခေါင်းစည်များ အခမဲ့ပေးဝေရာတွင် မြိုတော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းဟန်၊မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် - ၂ ဒေါ်မိုင်နှင်းဝတ်ရည်၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအေးသောင်းနှင့် အဖွဲ့ဝင်များပူးပေါင်း၍ စျေးများအတွင်းရှိ ဈေးဝယ်သူများနှင့် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပညာ ပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းများ ဝေငှပေး ခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)