လမ်းမတော်မြို့နယ် UMFCCI တွင် ASIA Business Creation Platform (ABC Platform) Top-Level အစည်းအဝေး ကျင်းပ

လမ်းမတော်  စက်တင်ဘာ  ၅

လမ်းမတော်မြို့နယ်  UMFCCI  တွင် COVID-19 ကပ်ရောဂါအပေါ် ကမ္ဘာမှ စီးပွားရေးတုံ့ပြန် ဆောင် ရွက်နေမှုများ၊ ASIA Business Creation Platform (ABC Platform) ၏လက်ရှိလှုပ်ရှားဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ယမန်နေ့တွင် ASIA Business Creation Platform (ABC Platform) Top-Level အစည်းအဝေးအား Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ပါဝင်ဆွေးနွေး ခဲ့သည်။

အစည်းအဝေးတွင် Kankeiren ဥက္ကဋ္ဌ Mr. Masayoshi Matsumoto မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး Business-In-Asia Committee ဥက္ကဋ္ဌ Mr. Keiji Tanaka မှ လက်ရှိ ABC Platform မှ လှုပ်ရှားဆောင်ရွက်မှုများ၊ အာရှနိုင်ငံများတွင် လူ့စွမ်းအားအရင်းအမြစ်၊ အသေးစား အလတ်စားလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် လှုပ်ရှားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါအခြေအနေများ၊ New Normal တွင် မြန်မာနိုင်ငံ ပုဂ္ဂလိကစီးပွားရေးကဏ္ဍအနေဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် စင်ကာပူတွင်ကျင်းပမည့် 2nd General Meeting အား ကြိုဆိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် Indonesian Chamber of Commerce and Industry (KADIN)၊ National Chamber of Commerce and Industry of Malaysia (NCCIM)၊ Philippine Chamber of Commerce and Industry (PCCI)၊ Singapore Manufacturing Federation (SMF)၊ Thai-Japanese Industrial Cooperation Institute (under The Federation of Thai Industries)၊ Vietnam Chamber of Commerce and Industry (VCCI)၊ Kansai Economic Federation (Kankeiren) မှ တာဝန်ရှိပုဂ္ဂိုလ်များမှ နိုင်ငံအလိုက် ကိုဗစ်ရောဂါအခြေအနေများ၊ စီးပွားရေး တုံ့ပြန်ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်