မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

မှော်ဘီ           စက်တင်ဘာ        ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦး စီးဌာနတို့မှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြောင်းတကာ ကျေးရွာ(စက်မှုဇုံ) အတွင်းတွင် ဖွင့်လှစ်ရောင်း ချနေသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ရောင်းချနေသည့် စျေးဆိုင်များတွင် စားပွဲဝိုင်းများအကြား အကာအရံများ၊ လက်ဆေးဘေစင်များထားရှိရေး၊ ရောင်းချသူများ Mask နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ရောင်းချစေရေး၊ ကျန်းမာရေး သတိပေးနှိုးဆော်ချက် ပိုစတာများ၊ ဗီနိုင်းများ ကပ်ထားမှုရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးအရ စီစဉ်ဆောင်ရွက်ရမည့် အချက်များကို လိုက်လံစစ်ဆေး မှာကြားခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)