မင်္ဂလာဒုံမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး လိုက်လံနှိုးဆော်

မင်္ဂလာဒုံ  စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူပြုနိုင်ရေးအတွက်  ညမထွက်ရ အမိန့်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ည (၁၂:၀၀) မှ နောက်တစ်နေ့ နံနက် (၀၄:၀၀) နာရီအချိန်ထိ  နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန် ညမထွက်ရ အမိန့်အား ပြည်သူများသိရှိလိုက်နာ နိုင်စေရန် ရပ်ကွက်/ ကျေးရွာများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ပြီး နောက် ညမထွက်ရ အမိန့်ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်း ညမထွက်ရ အမိန့်သည် အများပြည်သူအကျိုးငှာ ထုတ်ပြန်ထားခြင်းဖြစ်သဖြင့် ပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းသိရှိရသည်။

ဇင်ငြိမ်း(ပြန်/ဆက်)