နတ်မောက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေး နှိုးဆောင်ခြင်းကို ယနေ့နံနက် (၉) နာရီခန့်က မြို့ပေါ်(၇)ရပ်ကွက် သို့ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကာကွယ်ရေးနှင့် ပတ်သက်သည့် ရောဂါပျံ့နှံ့ ကူးစက်မှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောသန့်စင်ရန်၊ ကိုယ်အပူချိန် မြင့်တတ်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေး ဌာနများသို့ အမြန်ဆုံးပြသပြီး ကုသမှုခံယူကြရန် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)