မိုးနဲ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ မြို့နယ်ပြည်သူ့ စာကြည့် တိုက် သို့လာရောက်သူများနှင့် စာကြည့်တိုက်တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အသုံးပြုနိုင်ရန် အတွက် Hang Gelနှင့် နှာခေါင်းစည်းများကို ယနေ့နံနက် ၈ နာရီခွဲ အချိန်ကလာ ရောက် လှူဒါန်းခဲ့ကြောင်းသိ ရသည်။
ယင်းသို့ လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှ၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်း နှင့် တပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသုံးပြုရန်အတွက် နှာခေါင်း စည်း ၁၀၀ ခု နှင့် Hang Gel (၅၀၀) မီလီလီတာတစ်ဗူး ကိုပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးညွန့်ရွှေက လက်ခံ ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)