တောင်တွင်းကြီးမြို့နယ်တွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသောအစားအသောက်များ ဈေးကွက်အတွင်း ‌ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး၊ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း ရောင်းချနေသောဈေးဆိုင်များတွင် စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်များဈေးကွက်အတွင်း ‌ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်မှ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသော အစားအသောက်အမှတ်တံဆိပ်(၄)မျိုးဖြစ်သည့် လာရှိုးအမှတ်တံဆိပ် ပဲငပိ၊ ဘုတ်ဆုံမအမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေကံ့ကော်အမှတ်တံဆိပ် အရောင်တင်မှုန်၊ ရွှေကံ့ကော်အမှတ်တံဆိပ်ငရုတ်အလှော်မှုန့်များအား စျေးကွက်အတွင်း ထပ်မံရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို မြိုနယ်စာသုံးသူရေးရာဦးစီးဌာနနှင့် တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးနှင့်သားသတ်ဌာနစိတ်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)