ညောင်ဦး၊ စက်တင်ဘာ ၆
မန္တလေတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင်ဘက်စုံအသုံးပြုနိုင်ရန် စက်တင်ဘာ ၅ရက်နေ့ နံနက်ပိုင်းက ဖိုက်ဘာခုံများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)အတွက် ဖိုက်ဘာခုံအလုံး ၃၀၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) အတွက် ဖိုက်ဘာခုံ ၃၀ လုံး၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)အတွက် ဖိုက်ဘာခုံ ၂၀ လုံး၊ စုစုပေါင်း ဖိုက်ဘာခုံ ၈၀ လုံးအား လှူဒါန်းပေးခဲ့ ကြောင်း ညောင်ဦးခရိုင် ဦးစီးအရာရှိ ဦးကျော်မင်းဦးက ပြောကြားသည်။
ဖိုက်ဘာခုံအလုံး ၈၀ အား လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးနှင့် ကျောက်တံတားမြို့နယ် မှော်ယောကြီးဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်ထွန်း၊ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်းစခန်းမှ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို၊ လက်ထောက်မန်နေဂျာ ဦးညီညီအောင်တို့က ညောင်ဦးခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)များတွင် ဘက်စုံအသုံးပြုနိုင်ရန်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD