အုတ်တွင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

အုတ်တွင်း၊ စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှအခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်ကမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးငွေစိုးက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အုတ်တွင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်လှက အခြေခံပညာကျောင်းများသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေလောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကန်ကလေး၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)ဘန့်ဘွေးကုန်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဥယျာဥ်တော်ကျောင်းများသို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးငွေစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်လှ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်သီတာသိန်း၊ မြို့နယ်အား/ကာကော်မတီမှ ဦးဇော်မင်းထွန်းတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၄)ကျောင်းအတွက် အားကစားပစ္စည်း ဘောလုံး (၈) လုံး၊ဘော်လီဘော (၈) လုံး၊ ပိုက်ကျော်ခြင်း (၈) လုံး၊ ပေကြိုး (၄) ဘူး၊ ခရာ (၄) ခု၊ စားပွဲတင်တင်းနစ်ဘက်တံ (၄) စုံ၊ စားပွဲတင်တင်းနစ်ဘောလုံး (၈) ဘူး၊စားပွဲတင်တင်းနစ် ပိုက်စုံ (၄) ဘူး၊ စုစုပေါင်းအားကစားပစ္စည်း (၈) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေ းဒေါ်သီတာသိန်းထံမှ သိရှိရပါသည်။

ခင်မာ(ပြန်/ဆက်)