မရမ်းကုန်းမြို့နယ် ပျံကျစျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စျေးရောင်းသူများနှင့် စျေးဝယ်သူများ လိုက်နာရမည့် အချက်များ လိုက်လံ အသိပေး ကြေညာ

မရမ်းကုန်း စက်တင်ဘာ ၆

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်နိုင်ရေးတို့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ပျံကျစျေးများ၌ ယမန်နေ့နံနက်ပိုင်းက စျေးရောင်းသူများနှင့် စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအားစျေးများအတွင်း အသံချဲ့စက်များဖြင့် လိုက်လံအသိပေး ကြေညာခဲ့သည်။

အဆိုပါ အသိပေးကြေညာရာသို့ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်း၊ အဖွဲ့ဝင်()ဒေါ်မိုင်နှင်း ဝတ်ရည်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းနှင့် တာဝန်ရှိသူများလိုက်ပါကာ စျေးအတွင်းရှိ စျေးရောင်းသူများ၊ စျေးဝယ်သူများအနေဖြင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန်၊ အရာဝထ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်၂၀ဆေးကြရန်၊ တစ်အိမ်လျှင် တစ်ဦးသာစျေးဝယ်ကြရန်၊ စျေးရောင်းသူနှင့် စျေးဝယ်သူများအကြား အနည်းဆုံး၆ပေအကွာမှသာ ရောင်းဝယ်ခြင်းများ ဆောင်ရွက်ကြရန် အစရှိသည့် အချက်များအား လိုက်လံ အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)