လှိုင် စက်တင်ဘာ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိခေတ်မြန်မာ စတိုးဆိုင်ရှေ့တွင် လိုအပ်သူများ ယူဆောင်စားသုံးရန်နှင့် လှူဒါန်းလိုသူများ ကုသိုလ်ပြုလှူနိုင်ကြစေရန် ရည်ရွယ်၍ နိဗ္ဗာန်စျေးလှည်းအား သြဂုတ်လက စတင်၍ လှိုင်မြို့ နယ်သာသနာ့ နုဂ္ဂဟဥက္ကဋ္ဌဦးဆွေဝင်းမှဦးဆောင်၍ သာသနနုဂ္ဂဟအဖွဲ့ဝင်များက နေ့စဉ်ကုသိုလ်ပြုလှူဒါန်းခဲ့ကြခြင်းဖြစ်ပါသည်။
အဆိုပါ လှည်းအား နံနက်၇ နာရီမှည ၉နာရီအထိ လှူဒါန်းထားရှိပေးပြီး နေ့စဉ် လှူဒါန်းမှုများအား ဦးမောင်မောင်ခန့်+ဒေါ်ဥမ္မာ မိသားစု၊ ဦးသိန်းစိုးမိသားစု၊ လာရောက် လှူဒါန်းကြသူများနှင့် ခေတ်မြန်မာ စတိုး မိသားစုတို့မှ နေ့စဉ်မုန့်များ ကော်ဖီများ ဖြည့်စွက် ကုသိုလ်ပြု လှူဒါန်းလျက်ရှိကြောင်း မည်သူမဆို လာရောက်စားသုံးနိုင်၊ လှူဒါန်းနိုင်ကြကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)