သင်္ဃန်းကျွန်း၊ စက်တင်ဘာ ၆
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ဘတ်စ်ကားစီး ခရီးသည်များနှင့် လမ်းများပေါ်တို့တွင် နှာခေါင်းစည်းMaskများ တပ်ဆင်ကာကွယ် သွားလာကြစေရေး တို့အတွက် လိုက်လံနှိုးဆော်ခြင်းများနှင့် Mask (နှာခေါင်းစည်း) များကို အခမဲ့လိုက်လံပေးဝေခြင်းများကို သင်္ဃန်းကျွန်းမြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သင်္ဃန်းကျွန်းမြို့နယ်တွင် နေ့စဉ်ပိုးတွေ့လူနာ Positive Case များဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)