သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သံတောင်ကြီး        စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှလုပ်ငန်း ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက ရှင်ယောဟန်ဓမ္မရိပ်သာတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ကိုဗစ်-၁၉ရောဂါအဖြစ်များသည့် ဒေသမှပြန်လာသူများအား Quarantine Center တွင်(၂၁)နေထိုင်စေရန်နှင့် ရပ်ကွက်ကျေးရွာများတွင် နေထိုင်ခွင့်မပြရန်၊ Quarantine ဝင်သူ အားလုံးကိုလည်း Swab  ယူထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ် ဆရာဝန်‌ဒေါက်တာစည်သူစန်းက ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးနှင့်အားက  စားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အရေးယူ ဆောင်ရွက်မှုများကိုရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးရာတွင် သံတောင်ကြီးမြို့နယ်အတွင်း ဈေးသည်များဈေးလှည့်လည်ရောင်းချခြင်းမပြုရန်နှင့် မြို့အဝင်ဂိတ်တွင်သာရောင်းချကြရန်၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ဒေသမှပြန်လာသူများသည် ခိုင်မာသည့် အထောက်အထားများပြည့်စုံစွာယူလာကြရန်၊  အထောက်အထားမခိုင်လုံပါက Quarantine Center တွင်မိမိအစီအစဉ်ဖြင့် နေထိုင်ရန် ၊ Quarantine မနေလိုသူများအားသံတောင်ကြီးမြို့နယ်တွင် နေထိုင်ခွင့်မပြုရန်စသည် တို့ကိုအစည်း အဝေးသို့တက်ရောက်လာသည်ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များကဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)