ဝေါ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီဆောင်ရွက်နေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ထို့သို့ပေးအပ်ရာတွင် အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူးဦးပြောင်းအား ဦးဆောင်းယဉ်+ ဒေါ်မြင့်ကြည့် (စိန်ပန်းခိုင်)မိသားစုမှ မြို့မအရန်မီးသတ်တပ်ဖွဲ့မှူးတို့အား အလှူငွေ တစ်သိန်းကျပ် တိတိကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)