သံတောင်ကြီး၊ စက်တင်ဘာ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ ရပ်ကွက် (၄) လမ်းဆုံတွင် Mask များအခမဲ့ဖြန့်ဝေပေး ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ အပြင်ထွက်သည့်အခါတိုင်း Mask များတပ်ဆင်ပြီးမှသွားလာကြရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏစနစ် တကျ ဆေးကြောသန့်စင်ရန် စသည့်အသိပညာပေးခြင်းနှင့် သွားလာသည့်ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းနှင့် အဝတ် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းများကို သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး အောင်ဝင်းစိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများ၊ မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းနှင့် ကျန်း မာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သံတောင်ကြီးမြို့အမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုနှင့်အဖွဲ့ဝင်များကပူးပေါင်းဆောင်ရွက်ပြီး တစ်ပတ်လျှင် (၂) ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)