အလုံမြို့နယ်၌ Quarantine Centre ကြိုတင်ပြင်ဆင်​မှုများဆောင်ရွက်

အလုံ စက်တင်ဘာ ၇

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်း များကိုဆောင်ရွက်ရန်အတွက်  Quarantine Centre ကို အမှတ်()အ​ခြေခံပညာ အထက်တန်း​ကျောင်း တွင် ယ​​နေ့ နံနက် () နာရီအချိန်က စတင်ကာ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်   မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့်အရေးပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမြင့်ခိုင်၏ ဦး​ဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်း​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊  မြို့နယ်မီးသတ်ဦးစီးဌာန၊ ရက်ကွက် အုပ်ချုပ်​ရေးမှူးတို့ ပူး​ပေါင်းကာ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် နေရာထိုင်ခင်းများ ပြင်ဆင်​ဆောင်ရွက်ခြင်း၊ သန်းရှင်း​ရေးများပြုလုပ်ခြင်းနှင့် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ Quarantine Centre တွင်  လူ​အယောက်(၅၀) ဦးအတွက် ပြင်ဆင်​ဆောင်ရွက်ထား ကြောင်း သိရှိရသည်။

တင်တင်ချို