ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း(ဗဟို)နှင့် IPPF Sprint တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မျိုးဆက်ပွားနှင့် သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း-၂ သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ စီမံကိန်း-၂ ရှိ ကျန်စစ်သားလမ်း၊ သခင်ဖိုးလှကြီးလမ်း၊ ဗိုလ်တာယာ(၁)လမ်း၊ (၂)လမ်း၊ သံသုမာလမ်းတို့တွင် နေထိုင်သော ကိုယ်ဝန်ဆောင် မိခင်များအား စမ်းသပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင် အားဆေးပေး ခြင်း အစရှိသော မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း အစရှိသော သားဆက်ခြားကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၊ IPPF Sprint ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်နှင့် အသင်းပိုင်သားဖွားဆရာမတို့မှ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)