သတင်းများ

ဖားဆောင်းမြို့နယ် မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 11,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် လူဝင်၊ လူထွက် စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်
Sep 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၇)ရပ်ကွက်တွင်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပဲခူးမြို့ လူမှုရေးပင်စင်ရရှိသည့် အဘိုးအဘွားများ ထံ ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေး
Sep 11,2020
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ(၁၁) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးမြို့‌‌၊ လိပ်ပြာကန်ရပ်ကွက်အတွင်းမှ လူမှုရေး ပင်စင်ခံစားနေသည့် အဘိုးအဘွား များထံသို့ စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရွှေဝင်းနှင့်အတူ  အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ကြကြောင်း သိရသည်။
ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံးပစ္စည်းများကိုUNLIMITED CHANNEL CO.,LTD မှ လှူဒါန်း
Sep 11,2020
ဝေါမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်‌မွန်းလွဲ၁နာရီအချိန်က ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများကို UNLIMITED CHANNEL CO.,LTDမှလာရောက်၍လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ (ဒုတိယအကြိမ်)မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ငွေပေးအပ်
Sep 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ (ဒုတိယအကြိမ်)မိုးစပါးမျိုးစေ့ထုတ်‌တောင်သူများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီက သရက်တပင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှု စခန်း၌ ပြုလုပ်သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက် ပျံ့နှံမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 11,2020
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ (COVID-19)ကူးစက်ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက်သူများသည် အခြား တိုင်း ဒေသကြီး နှင့် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့သဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် (COVID-19) ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး
ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အဝေးပြေးကားဝင်း၌ ဧရာဝတီတိုင်းအခြေပြု ခရီးစဉ် ယာဉ်လိုင်းများ ပြေးဆွဲမှုမရှိ
Sep 11,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ခရီးသည်များ ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသော ခရီးစဉ်ယာဉ်လိုင်းများအနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်က ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ခရီးစဉ်ယာဉ်လိုင်းများ ပြေးဆွဲမှုမရှိကြောင်း နှင့် ဒေးဒရဲတံတားအဆင်း ကွမ်းခြံကုန်းမြို့နယ် အင်္ဂပူကျေးရွာ ဝင်ပေါက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းက စတင်ပြီး ယာဉ်ဝင်ရောက်မှု မရှိစေရေးအတွက် ပိတ်ထားကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်း ကျောက်ဖရုံပင်များ စီးပွားဖြစ်စိုက်ပျိုး
Sep 11,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိရိုးဖလာတောင်သူလုပ်ငန်း များအပြင် ယခုအခါ အခြားဈေးကွက်ဝင်သီးနှံဖြစ်သည့် ထိုင်ဝမ်ကျောက်ဖရုံပင်များကို စင်ဖြင့်တင်ကာ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရှိရသည်။