သတင်းများ

စဉ့်ကိုင်မြို့နယ်အတွင်းရှိ မြို့ပေါ် (၅) ရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 10,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ၏ ကြီးကြပ်မူဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီ:ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး မြို့ပေါ်(၅) ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက အသံချဲစက်များဖြင့် နှိုးဆော်ခြင်း၊ ညမထွက်ရ အမိန့် ဖောက်ဖျက် သူများ ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေးများထိုးပေးနေ
Sep 10,2020
ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ဆောင်ရွက်ဆဲကာလအတွင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ (CERP) အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်
Sep 10,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ တစ်ကြိမ်တစ်ခါမှ ထောက်ပံ့ငွေမရရှိခဲ့သော မသန်စွမ်းသူများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၁)နာရီကထောက်ပံ့ ငွေများ ပေးအပ် ခဲ့သည်။
စုကလိမြို့တွင် အသိပညာပေး ဗီဒီယိုများကို Online မှတစ်ဆင့်တင်ဆက်
Sep 10,2020
ကိုဗစ် − ၁၉ ရောဂါကြောင့် အသိပညာပေးလုပ်ငန်းများအား လူစုလူဝေးဖြင့် မဆောင်ရွက် နိုင်သည့် ကာလအတွင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက Online မှတစ်ဆင့် အသိပညာပေး ဗီဒီယိုများကို စက်တင်ဘာလမှ စတင်၍ ရိုက်ကူးတင်ဆက်လျက်ရှိသည်။
ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း  Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ
Sep 10,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ရွှေပြည်သာမြို့နယ်ရှိပြည်သူများအပြင်ထွက်တိုင်း 
ပုဗ္ဗသီရိမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 10,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့တွင် အများပြည်သူသုံးစွဲလျက်ရှိသည့် ထရန်စဖော်မာများအား အကြီးစားပြုပြင် ထိန်းသိမ်းခြင်းနှင့် ဆွေးမြေ့လေးထောင့် ကွန်ကရစ်ဓာတ်တိုင်များ အစား၊ ကွန်ကရစ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်
Sep 10,2020
မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာများအား အကြီးစား ပြုပြင်ထိန်းသိန်းခြင်းနှင့် ဆွေးမြေ့လေးထောင့်တိုင်များ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစတင်ကာ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကွန်ကရစ်တိုင်လုံးများဖြင့် အစားထိုးလဲလှယ်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းက ပြောကြားသည်။
ဖောင်းပြင်မြို့နယ်တွင် အိမ်သုံးဆိုလာ (၂၂၈)လုံး ပေးအပ်
Sep 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနှင့် နန်ယုံကျေးရွာတို့၌ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၆၁ ဒသမ ၂ သန်းဖြင့် အိမ်သုံးဆိုလာ (၂၂၈)လုံးကို ထောက်ပံ့ပေးအပ်ခဲ့ရာ ယမန်နေ့က စတင်၍ ကျေးရွာနေပြည်သူများထံသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးဦးဖိုးလင်းတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။