သတင်းများ

တောင်တွင်းကြီး မြို့နယ်တွင် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 12,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် UMFCCI တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Sep 12,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကော်မတီ (၃/ ၂၀၂၀) အစည်းအဝေးအား ယမန်နေ့က Video Conferencing ဖြင့် ကျင်းပခဲ့သည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 12,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေး
Sep 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထား ပေးသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်း က စစ်ဆေးခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 12,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာရှိ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ စု​ပေါင်းသန့်ရှင်း​ရေး ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှကင်းဝေးစေရန် သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိစစ်ဆေး
Sep 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း(၄)ခုအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်သတ်မှတ် စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းသွယ်များ လူဝင်လူထွက်စစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်
Sep 12,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်တာဝန်ခံများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့မွန်းတည့် ၁၂ နာရီက ရပ်ကွက်အလိုက် လမ်းသွယ်များ၌ လူဝင်၊ လူထွက်စစ်ဆေးခြင်း၊ စာရင်းကောက်ယူခြင်းနှင့် အပူချိန်တိုင်းတာခြင်းများဆောင်ရွက်ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမကြီး၊ ဂေါပုဏ္ဏ‌စေတီစောင်းတန်း‌ရှေ့၌ ကျန်းမာရေး စစ်ဆေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။