သတင်းများ

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးစာစောင်များ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ
Sep 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ၊ ခရိုင် ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာပေများ လာရောက်ဖတ်ရှုခြင်း၊ငှားရမ်းပေးခြင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထုတို့ သိရှိအပ်သော အကြောင်းအရာများကို လွယ်လင့်တကူ ဖတ်ရှု လေ့လာနိုင်စေရန် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်အားလည်း ဆောင်ရွက် ထားရှိပေး လျက်ရှိကြောင်း သိရသည်။
လေရှီးမြို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး
Sep 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကော်မတီဝင်များ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆွေးနွေးပွဲကျင်းပခဲ့သည်။
ကျိူက်လတ်၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်(၂၀) လုံးအား ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးသွားမည်
Sep 10,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်(၂၀) လုံးအား ယနေ့မှ စတင်ကာ ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်
Sep 10,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Sep 10,2020
ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (ဆေးဝါးဓာတ်ခွဲ) ဒေါ်မွန်မွန်ခိုင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျ တပ်ဆင်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ ဆေးဝါးအရောင်း ဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် ဆေးဝါး ပစ္စည်းများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
မအူပင်မြို့နယ်တွင် စီးပွားရေး ထိခိုက်နစ်နာမှုများကို ကုစားနိုင်ရေးအစီအစဉ်CERP ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ထောက်ပံ့
Sep 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကျရောက်မှု၏ စီးပွားရေး ထိခိုက်နစ်နာမှု များကို ကုစားနိုင်ရေးအတွက် CERP ၏ Action Plan အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လက်ျားကြီး ကျေးရွာအုပ်စုရှိ ဖိုးကံပေး ကျေးရွာတွင် ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်  ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Sep 10,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့်