သတင်းများ

မိုင်းပျဉ်းမြို့၌ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်း ကလေးများအား ကာကွယ်ဆေးထိုးနှံ
Sep 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်များ အခမဲ့ဆက်လက်ထောက်ပံ့
Sep 12,2020
Covid-19 Economic Relief Plan မှာ ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးနှင့်၊ ရေလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လက ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ကျန်ရှိသည့်ငါးမွေးတောင်သူများကို ဆက်လက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း (၅၆)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် (၅၆) နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း များကို ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်ဝင်း၏ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ကျေးရွာများသို့ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Sep 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တမူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်နားထားမည်
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှု လုပ်ငန်းများကို စက်တင်ဘာလ (၁၄) ရက်နေ့ (တနင်္လာ)နေ့မှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြေအနေတည်ငြိမ်မှသာ ပုံမှန်ဆောင်ရွက်နေသော ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆောင်ရွက်ပေးသွားမည့်ရက်အား ကြိုတင်အသိပေး အကြောင်းကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်
Sep 12,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညနေ(၆)နာရီအချိန်က (၂၉)ဦးနှင့် ယမန်နေ့မွန်းလွဲ (၃)နာရီခွဲအချိန်က (၁)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၃၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်
Sep 12,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ပြည်သူများသို့ ပန်ကြားချက်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၉ နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာရပ်ကွက် တာဝန်ခံများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများ စစ်ဆေး
Sep 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် (Stay at Home) ကာလ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း ဆောင်ရွက်ထားရှိမှုများစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။