လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကိုဗစ်ကာလအတွင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား အ သိပညာပေးခြင်း၊ လှည့်လည်ဆော်သြခြင်းလုပ်ငန်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက် /ကျေးရွာ များသို့ ကွင်းဆင်းကာ Stay at Home အစီအစဉ်ကို လိုက်နာပူးပေါင်းကြရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်လွှတ်တော်ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များနှင့်အတူ စည် ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး လက်ကိုဆေး ကြောစေခြင်း၊ နှာခေါင်းစည်း(Mask)များဝေငှပေးခြင်းဖြင့် စျေးသွားစျေးလာ လူထူထပ်သည့် နေရာ များတွင်(Mask)များ တပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွားလမ်းလာပြည်သူများ (Mask)တပ် ဆင်ထားခြင်းမရှိသူများအား (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)