ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၁၂)ဦးအား မီးရထား ခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး

 

လားရှိုး    စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ် မှုဖြင့်  မူဆယ်မြို့ နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ၊ ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံ နယ်စပ် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့ မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆) ရက်နေ့မှစတင်ပြီး စနစ် တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၉)ဦး ၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၂ ) ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

အဆိုပါ နေရပ်ပြန် ပြည်သူ (၁၂)ဦး တို့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ (၁)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၄)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၁)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး ၊ရခိုင် ပြည် နယ်မှ(၁)ဦး  တို့ဖြစ်ကြပါသည် ။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့်  နေရပ်ပြန် ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင် ပေးလျက် ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာတွင် စက်တင်ဘာလ(၁၄) ရက်နေ့ အထိ  နေရပ် ပြန်ပြည်သူအမျိုးသား(၉၈၅၅)ဦး ၊ အမျိုးသမီး (၆၂၃၇)ဦး စုစုပေါင်း (၁၆၀၉၂)ဦးတို့အား လွှဲပြောင်း ပို့ဆောင် ပေးနိုင်ခဲ့သည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)