နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

နမ့်စန်() စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း ခန်းမတွင် ကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်းနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်း က ၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဥပဒေ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကာလအတွင်း နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းချက်များ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရခြင်း၏ ရည်ရွယ် ချက်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များက မဲဆွယ်စည်းရုံးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း ကိစ္စရပ်များနှင့် အခြားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် တို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)