မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စေ့စပ် ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကျင်းပ

 

မိုင်းဆတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဒေါနယ်သိန်းကအမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးဒေါ်နန်းဝိုခမ်းက ပါတီစုဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရန် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီ(၇)ခုမှ တာဝန်ရှိသူ(၇)ဦး၊ အများယုံကြည်လေးစား ခြင်း ခံရသော ပုဂ္ဂိုလ်(၆)ဦး၊ ဩဇာတိက္ကမရှိသူ(၅)ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (၈)ဦးတို့က တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြင့်မောင်(ပြန်/ဆက်)