သတင်းများ

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး
Sep 14,2020
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချနေသည့် ဆိုင်များ အားလုံး ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ယာယီအားဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ / မရှိ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက် ၂ နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ကြေးများ စတင်ပေးအပ်
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂နှစ်အောက်ကလေးများကို ထောက်ပံ့ကြေး များပေးအပ်သည့် အစီအစဉ်များကို KBZ Payများမှတစ်ဆင့် လည်းကောင်း၊ မိုဘိုင်းဖုန်း မရှိသူများကို ဘဏ်ဝန်ထမ်းများကတစ်ဆင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၃ရက်နေ့က သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ဒေသဖွံ့ဖြိုးလုပ်ငန်း များကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက် အ.မ.က(၃)ကျောင်းဘေးနှင့် အမှတ်(၁)နှင့်(၂)ကြား တြိဂံချွန်းနေရာများတွင် သာယာလှပ တင့်တယ် စေရန် ကွင်းဆင်း စိစစ်ခဲ့သည်။
ကွမ်းလုံ၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီခွဲခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ် သီရိမင်္ဂလာကုန်း ဓာတ်ပေါင်းစုစေတီတော်၌ လဟယ်မြို့နယ်၊ မြို့မရဲစခန်းမှ အရာရှိ စစ်သည်များ စုပေါင်း သန့်ရှင်းရေး ပြုလုပ်
Sep 14,2020
စစ်ကိုင်းတိုင်းဒေသကြီ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်ရဲစခန်းမှ အရာရှိစစ်သည် စုစုပေါင်း(၂၅)ဦး က လဟယ်မြို့ သီရိမင်္ဂလာကုန်း ဓာတ်ပေါင်းစု စေတီတော်၌ စုပေါင်းသန့်ရှင်ရေး ခြုံနွယ်ပိတ်ပေါင်းအမှိုက်များကို စက်တင်ဘာ ၁၂ရက်နေ့ နံနက် ၉ နာရီအချိန်၌ သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့ရှိ စားသောက်ဆိုင်းများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေး
Sep 14,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုန့်ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဒေသတွင် စားသောက်ဆိုင်းများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယနေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ
Sep 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အတွက် ပြည်သူများအားပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျွန်းစုမြို့တွင် ပြည်သူများ Mask တပ်ဆင်အသုံးပြုရေး ပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Sep 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ပသို့ ထွက်ခွာသွားလာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး ပညာပေးခြင်း နှင့် Mask များ အခမဲ့ဖြန့်ဝေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့မစျေး အတွင်း/အပြင်နှင့် အမြန်ရေယာဉ် အဝင်/အထွက်ရှိရာ ဆိပ်ကမ်း၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။